ရွှေတောင်မြို့နယ်တွင် လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်ပ

ရွှေတောင် စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျောက်ထရံကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာရှိ လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်နှင်းနှင်းယုက လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ လူကုန်ကူးခံရသူများ၏ အခွင့်အရေးအပြည့်အဝရရှိစေရန်၊ လူ့အသိုင်းအဝိုင်းတွင် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ဆံ့နိုင်ရန်နှင့် လူကုန်ကူးခံရမှုများ ထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောက်ထရံကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာရှိ လူကုန်ကူးခံရသူ(၄)ဦးအား တစ်ဦးလျှင်(၇)သိန်းနှုန်း စုစုပေါင်း(၂၈)သိန်းအား မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန် /ဆက်)