သတင်းများ

ဟိုပုံးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က စငေါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့သည်။
သန်လျင်အ.ထ.က(၂)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Sep 28,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်(၉)နာရီတွင် သန်လျင်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ကျင်းပသည်။
ပုဏ္ဏားကျွန်းမြို့၊ ခေမာရမဘုန်းတော်ကြီးကျောင်းမှ ဆရာတော်၊ သံဃာတော်များ ဆွမ်းဆန်စိမ်း အလှူလက်ခံ
Sep 28,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ ခေမာရမဘုန်းတော်ကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ဦးစီးပြီး၊ ရဟန်း၊သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဆွမ်းဆန်ကိစ္စအဆင်ပြေစေရေးအတွက် ယမန်နေ့ညနေ(၃)နာရီက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်၍ ဆွမ်းဆန်စိမ်းအလှူလက်ခံခဲ့ကြသည်။
ကျေးရွာ(၇)ရွာမှ ပြည်သူ(၁၀၉၈၅)ဦးတို့၏ လူမှုဘဝများပိုမိုဖွံ့ဖြိုးတိုးတက်ရေး စဉ့်ကိုင်မြို့နယ်၌ ဧည့်ပြ-မက္ခရာ-ကျွန်းဦး-မကျီးကုန်း-ရွာဘို မီးသွေးဘုတ်လမ်းအား ကတ္တရာခင်းပေး
Sep 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၇)ရွာမှ ပြည်သူ (၁၀၉၈၅)ဦးတို့၏ လူမှုဘဝများပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဧည့်ပြ-မက္ခရာ-ကျွန်းဦး-မကျီးကုန်း-ရွာဘို-မီးသွေးဘုတ်လမ်းအား ပြည်ထောင်စုခွင့်ပြုရန်ငွေဖြင့် ကတ္တရာခင်းပေးလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့၌ မြေပဲဆီရောင်းချသည့်ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး
Sep 28,2023
မွန်ပြည်နယ် မုဒုံမြို့ပေါ်ရှိ မြေပဲဆီရောင်းချသည့်ကုန်စုံဆိုင်များတွင် ရောင်းချသောဆီများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့ပေါ်ရှိဆိုင်များတွင် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးသည်။
ဂွမြို့နယ်တွင် စားသုံးသူပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေး
Sep 28,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် စားသုံးသူပြည်သူများသို့ ယမန်နေ့ညနေပိုင်းက ကင်းရုံးရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို လက်လီရောင်းချပေးခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင် ဆောင်းသီးနှံ(ဆီထွက်သီးနှံ)ဧက(၇၀၀၀)ကျော် စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 28,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဆောင်းသီးနှံ(ဆီထွက်သီးနှံ)ဧက(၇၀၀၀)ကျော် စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရေဖြူမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာပေများပုံမှန်ငှားရမ်းပေး
Sep 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များတွင် ပုံမှန်လည်ပတ်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် စာကြည့်တိုက်ဖွင့်ချိန်မှစ၍ ကျောင်းသား၊ကျောင်းသူများ၊ စာအုပ်ငှားရမ်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။