ပါတီဝင်အင်အားစိစစ်ခြင်းနှင့် နိုင်ငံရေးပါတီများအား တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ

မူဆယ် စက်တင်ဘာ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ပါတီဝင်အင်အားစိစစ်ခြင်းနှင့်နိုင်ငံရေးပါတီများအား တွေ့ဆုံညှိုနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က မူဆယ်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာအစည်းအဝေးတွင် မူဆယ်ခရိုင်ရွေးကောက်ပွဲအရာရှိ ဦး‌အောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇာနည်မြင့်ထွန်းက နိုင်ငံရေးပါတီဝင်အင်အားစာရင်းများကို မြေပြင်တွင်နေထိုင်မှုရှိ/မရှိ၊ သေဆုံးခြင်း၊ ပြောင်းထွက်ခြင်း၊ ပါတီဝင်ဟုတ်/မဟုတ်၊ နိုင်ငံ့ဝန်ထမ်းများ ဟုတ်/မဟုတ်စိစစ်ခြင်းများ ဆောင်ရွက်ပြီးစီးကြောင်း၊ မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း မြေပြင်တွင်နေထိုင်မှုရှိ/မရှိနှင့် နိုင်ငံဝန်ထမ်းပါ/မပါ စိစစ်ခြင်းများ ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် ပါတီတာဝန်ခံအနေဖြင့် အမှန်တကယ် ပါတီဝင်ဟုတ်/မဟုတ် ပြန်လည်စိစစ်အတည်ပြုပေးရန် လိုအပ်ကြောင်းနှင့် ပါတီဝင်လျှောက်လွှာများ၊ ပါတီဝင်ကတ်ပြားများဖြင့် တိုက်ဆိုင်စီစစ်၍ ပြန်လည်တင်ပြသွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ဆက်လက်ပြီး မူဆယ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ပါတီဝင်စာရင်းများကို မူဆယ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံး၏ ပုံစံ၆၆/၆တွင် ရှိ/မရှိစိစစ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ပါတီတာဝန်ရှိသူများက ဖြည့်စွက်ပြောကြားလိုသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပါသည်။ထို့အပြင် ခရိုင်ရွေးကောက်ပွဲအရာရှိက အစည်းအဝေးသို့တက်ရောက်လာကြသော နိုင်ငံရေးပါတီ များ၏တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား မြေပြင်ကွင်းဆင်းစစ်ဆေးမှုအခြေအနေများကို ဆောင်ရွက်ထားရှိမှုတို့အား မေးမြန်းဆွေးနွေးခဲ့ပြီး ပါတီဝင်အင်အားစာရင်းများ စိစစ်ဆောင်ရွက်ရာတွင် ရွေး/ကော်၊ထွေ/အုပ်နှင့်လဝကဌာနတို့အပြင် သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)