မေယုတောင်တန်း၏ အနောက်ဘက် အငူမော် - မောင်တော ကားလမ်းမပေါ်ရှိ ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒေသဖွံဖြိုးရေးကွင်းဆင်းဆောင်ရွက်

ရသေ့တောင် စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုတောင်တန်း၏ အနောက်ဘက်ချမ်း ဘင်္ဂလားပင်လယ်အော်ကို မြင်တွေ့နိုင်သည့် အငူမော်-မောင်တော ကားလမ်းမကြီးအနီးရှိ ကျေးရွာများသို့  ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒုံးပိုက်ကျေးရွာ၊ ဒုံးပိုက်ကျောင်း တိုက်ဆရာတော်အား ဖူးမျှော်ကြပြီး ဆန်၊ ဆီ၊ Solar Rechar- geable Flood Ling  ၊ တာပေါ်လင်နှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ကိုးတန်ကောက်အုပ်စု၊ ကြံတိုင်းအောင်ကျေးရွာရှိ မိုခါမုန်တိုင်းဒါဏ်ခံခဲ့ရသည့် ဒေသခံအိမ်ထောင်စုများနှင့်တွေ့ဆုံပြီး စားရေရိက္ခာများ ထောက်ပံ့ပေးအပ်ကာ ဒေသခံပြည်သူများ၏ အခက်အခဲလိုအပ်ချက်များကို ဆွေးနွေးအားပေးခဲ့သည်။

ဆက်လက်၍ ကိုးတန်ကောက် ကျောင်းတိုက်ဆရာတော်နှင့် ချိန်ခါလိန်ကျောင်းတိုက် ဆရာတော်တို့အား သွားရောက်ဖူးမျှော်ခဲ့ကြပြီး ဆရာတော်တစ်ပါးလျင် Solar Rechargeable Flood Ling တစ်ခုစီလှူဒါန်းခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ဒုံးပိုက်၊ အငူမော်ကုန်းတန်း၊ အငူမော်၊ ကိုးတန်ကောက်၊ ချိန်ခါလီ၊ ဆင်ပိုက်၊ အောင်ဗလ စသည့်ကျေးရွာများရှိ ကျောင်းဆရာ/ဆရာမများအတွက် ခြင်ထောင်နှင့် စောင်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)