သပိတ်ကျင်း စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စားသုံးမှုအဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စားသုံးဆီပိဿာချိန် ၁၀၀၀၀ ကို ပြည်သူများလက်ဝယ်အရောက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့ပေါ်ရပ်ကွက်ရှိပြည်သူများ စားသုံးမှုအဆင်ပြေစေရန် အိမ်ထောင်စုတစ်စုလျှင် စားသုံးဆီ(၁) ပိဿာ (၅,၇၀၀) ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းပေးခဲ့ပြီး ယနေ့အထိ စားသုံးဆီပိဿာချိန် (၁၀,၀၀၀)ကို ရောင်းချပေးနိုင်ခဲ့ကြောင်း မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။
မြို့နယ်( ပြန်/ဆက်)