သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 28,2023
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
နတ်တလင်းမြို့နယ်၌ အယ်လ်နီညိုနှင့်မွေးမြူရေးအသိပညာပေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်
Sep 28,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အယ်လ်နီညိုနှင့်မွေးမြူရေး အသိပညာပေးရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကြတ်ခတ်ဝါရုံကျေးရွာအုပ်စု၊ မင်းစုကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်ပ
Sep 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျောက်ထရံကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာရှိ လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(ခွဲ)၂၅ ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Sep 28,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့၌ ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာအရောင်းဆိုင်များအား စိုက်ပျိုးရေးသုံး ဥပဒေရေးရာများရှင်းလင်းဆွေးနွေးပွဲပြုလုပ်
Sep 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာရောင်းချသည့် ဆိုင်ပိုင်ရှင်များအား စိုက်ပျိုးရေးသုံး ဥပဒေရေးရာများရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မြို့သစ်တွင် ဒေသထွက်ကြက်သွန်နီစိုက်ခင်းများအောင်မြင်ပြီး ရောင်းချချိန်စျေးကောင်းရရှိ
Sep 28,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကြက်သွန်နီတစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်မှုများ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ စျေးကောင်းရရှိကြောင်းသိရသည်။
ညောင်ဦးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 28,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ဆေးတက္ကသိုလ်-မန္တလေးတွင် စကားရည်ပြိုင်ပွဲကျင်းပ
Sep 28,2023
ဆေးတက္ကသိုလ်-မန္တလေး၊ ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သော စကားရည်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀× ၇၃ လမ်းထောင့် ဆေးတက္ကသိုလ်၊ မန္တလေးရှိ မန်းရတနာပုံ (ဇီဝက)ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။