အ-ထ_က(ခွဲ) ပိုင်ကျုံကျောင်း၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပိုင်ကျုံ စက်တင်ဘာ ၂၈

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား/သူများက ကျောင်းကောင်စီသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် အ.ထ.ကပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာတွင် ရပ်ရွာဒေသအာဏာပိုင်များ၏ အခန်းကဏ္ဍများ ဆရာ/မများ၏ အခန်းကဏ္ဍများ ကျောင်းသား/သူများ အခန်းကဏ္ဍများနှင့် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူနေပြီး တစ်နှစ်တာကာလအတွင်း ထူးချွန်သည့်ကျောင်းသား/သူများအား ဂုဏ်ပြုသည့် အခမ်းအနားဖြစ်ကြောင်း ရှင်းလင်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်အောင်မြင်စွာဖြေဆိုနိုင်သည့်  ကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်

ထို့နောက်  --က(ခွဲ) အထက်ပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာကြီးက  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားဖြစ်‌မြောက်ရေးအတွက် ဝိုင်းဝန်းကူညီ‌ဆောင်ရွက်‌ပေးသူများအား ကျေးဇူးတင်စကားပြောကြားပြီး  ကျောင်းသားလူငယ်များက တေးသီချင်းသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည် ။

နော်ခူး(ပြန်/ဆက်)