ကျောက်တံခါး စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဆောင်းသီးနှံ(ဆီထွက်သီးနှံ)ဧက(၇၀၀၀)ကျော် စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စိုက်ပျိုးရေးနည်းစနစ်များနှင့် ဆောင်းသီးနှံမျိုးကောင်းမျိုးသန့်ရရှိရေးတို့ကို ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သဘာဝမြေဆွေးပြုလုပ်ဆောင်ရွက်မှု လုပ်ငန်းအဆင့်ဆင့်အား power point ဖြင့် ရှင်းလင်းပြောကြားသည်။
ဆောင်းသီးနှံ(ဆီထွက်သီးနှံ)စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု(၁၃)အုပ်စုမှ (၁၀)ဧကအထက်တောင်သူများ စုစုပေါင်း(၂၅၄)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)