ကျေးရွာ(၇)ရွာမှ ပြည်သူ(၁၀၉၈၅)ဦးတို့၏ လူမှုဘဝများပိုမိုဖွံ့ဖြိုးတိုးတက်ရေး စဉ့်ကိုင်မြို့နယ်၌ ဧည့်ပြ-မက္ခရာ-ကျွန်းဦး-မကျီးကုန်း-ရွာဘို မီးသွေးဘုတ်လမ်းအား ကတ္တရာခင်းပေး

စဉ့်ကိုင် စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၇)ရွာမှ ပြည်သူ (၁၀၉၈၅)ဦးတို့၏ လူမှုဘဝများပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဧည့်ပြ-မက္ခရာ-ကျွန်းဦး-မကျီးကုန်း-ရွာဘို-မီးသွေးဘုတ်လမ်းအား ပြည်ထောင်စုခွင့်ပြုရန်ငွေဖြင့် ကတ္တရာခင်းပေးလျက်ရှိကြောင်း သိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းလုပ်ငန်းများကို နေဝန်းလ်ကုမ္ပဏီကတာဝန်ယူပြီး  ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၂၆၈.၂၃) ကျပ်သန်းဖြင့် အရှည်(၁)မိုင်၊ အကျယ်(၁၂)ပေ၊ ထု(၁၅)လက်မ ကတ္တရာခင်းပေးခြင်းဖြစ်ကြောင်းနှင့် ခံနိုင်ရည်ဝန်အား ယာဉ်+ကုန်တန်(၂၀)ဖြစ်ပြီး လုပ်ငန်းများ စံချိန်စံညွှန်းနဲ့အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှုလျက်ရှိကြောင်း သိရှိရသည်။

ဧည့်ပြ-မက္ခရာ-ကျွန်းဦး-မကျီးကုန်း-ရွာဘို-မီးသွေးဘုတ်လမ်း ကတ္တရာခင်းပေးခြင်းကြောင့် ဒေသခံကျေးရွာအုပ်စု(၃)အုပ်စု၊  ကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၂၁၀၉)အိမ်၊ လူဦးရေ(၁၀၉၈၅)ဦးတို့၏ လူမှုဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒေသထွက်ကုန်များနှင့် အခြားလူသုံးပစ္စည်းများ သယ်ယူရာတွင် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)