မုဒုံမြို့၌ မြေပဲဆီရောင်းချသည့်ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

မုဒုံ      စက်တင်ဘာ     ၂၈

မွန်ပြည်နယ် မုဒုံမြို့ပေါ်ရှိ မြေပဲဆီရောင်းချသည့်ကုန်စုံဆိုင်များတွင် ရောင်းချသောဆီများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့ပေါ်ရှိဆိုင်များတွင် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် မုဒုံမြို့နယ် မြို့မစခန်းမှူး ရဲမှူးခင်ဇော်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝင်းလွင်၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနရုံးမှ ဦးစီးအရာရှိနှင့်မြို့နယ်တာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက မြို့မ(၁)၊ မြို့မ(၄)ရပ်ကွက်များရှိ မြေပဲဆီရောင်းချလျက်ရှိသည့်ကုန်စုံဆိုင်များတွင် ရောင်းချသောဆီ သန့်ရှင်းမှုရှိ/မရှိ၊ ဓာတုဆေးများပါဝင်မှု ရှိ/မရှိ၊ အခြားဆီများနှင့်ရောစပ်ရောင်းချမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)