သတင်းများ

ရန်ကင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်ဆုချီးမြှင်ခြင်းအခမ်းအနားပြုလုပ်
Sep 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
မော်လိုက်မြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ပြန်/ဆက်ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.မ.က(၂)ကျောင်း၌ ကျင်းပပြုလုပ်သည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာနရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တွင် သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၃) စာအုပ်များ စတင်ရောင်းချ
Sep 28,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာဗဟုသုတ အဖြာဖြာ (၂၀၂၃) စာအုပ်” ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (လားရှိုး) Community Centre–Lashio ရှိ စာပေဗိမာန်အရောင်းဆိုင်တွင် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အာဟာရဒါန၊ ပညာဒါနအဖြစ် မုန့်နှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်း
Sep 28,2023
နေပြည်တော်၊ ဝဇီရာနန္ဒသုဗောဓာရုံကျောင်းတိုက်ဆရာတော် ဦးဇောတိဝရမှ အာဟာရဒါနနှင့် ပညာဒါနအဖြစ် မုန့်နှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရှေ့မျက်နှာစာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား၌ ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပ
Sep 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းကာလ အပတ်စဉ် ကျင်းပမြဲဖြစ်သည့် စုပေါင်းဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၆ နာရီခွဲက အမှတ်(၄)ရပ်ကွက်ရှိ မဟာမြတ်မုနိဘုရား၌ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်‌ရောက်ကြသည်။
တောင်ဥက္ကလာပမြို့နယ်၌ အလယ်တန်းဆင့်(Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်ရေးအခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းပညာရပ်များကို တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း ပညာသင်ယူနိုင်မည့်  အလယ်တန်းဆင့်(GRADE-9)ပြီးမြောက်အောင်မြင်‌သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်ရေးအခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဂန့်ဂေါမြို့၌ ကျပန်းစကားပြောပြိုင်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 28,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် လူငယ်များအတွေးအခေါ်မှန်ကန်စေရေး၊ အသိပညာ၊ အတတ်ပညာဖြင့်ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရန်နှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (ဂန့်ဂေါ)ကျောင်း ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တစ်ခင် စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဥတ္တရသီရိရပ်ကွက် သီရိရတနာလမ်းမကြီးတွင် ဆောင်ရွက်ခဲ့သည်။