ညောင်ဦးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ညောင်ဦး စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲတွင် ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး) က အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစန်းသာ (ဦးစီးအရာရှိ) ကလေးအလုပ်သမားပပျောက်ရေး ဥပဒေအကြောင်း ရှင်းလင်းဟောပြောသည်။  ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့ နယ်စီမံအဖွဲ့ဝင်များ၊ အခမ်းအနားသို့တက်ရောက်လာသူများမှ ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်များ၊ ပိုစတာများအားကြည့်ရှုခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေး အခမ်းအနားသို့ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်နှင့်ဝန်ထမ်းများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဦးစန်းသာနှင့်ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။   

ဒီပါလင်း