မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးမွေးကန်/အင်းလုပ် ငန်းရှင်များပူးပေါင်း၍ စျေးကားဖြင့်လှည့်လည်၍ စျေးနှုန်းချိုသာစွာဖြင့် ငါးများရောင်းချပေး

မြန်အောင် စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ဦးဆောင်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးမွေးကန်/ အင်းလုပ်ငန်းရှင်များ ပူးပေါင်း၍ယနေ့နံနက်က  မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲကျေးရွာအုပ်စုအတွင်းစျေးကားဖြင့် လှည့်လည်၍ စျေးနှုန်းချိုသာစွာဖြင့် ငါးများရောင်းချပေးခဲ့ကြောင်းသိရသည်။

ဒေသခံကျေးရွာပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ငါးများဝယ်ယူစားသောက်နိုင်ရန် မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဒေါ်အေးမြင့်ဦးနှင့် ဝန်ထမ်းများက ငါးမွေးကန်/ အင်းလုပ်ငန်းရှင်များ ပူးပေါင်း၍ ငါးမြစ်ချင်း တစ်ပိသာ ၅၀၀၀ ကျပ် စျေးနှုန်းဖြင့် ငါးအချိန် ၁၀ ပိသာ၊ ငါးနုတ်အစုံ တစ်ပိသာ ၁၀၀၀ ကျပ်စျေးနှုန်းဖြင့် ငါးအချိန် ၁၀ ပိသာ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဗိုလ်

မြန်အောင် (ပြန်/ဆက်)