တပ်ကုန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်

တပ်ကုန်း စက်တင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ ဌာနမှူး ဦးတင်အေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆရာစံရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ဆရာစံရပ်ကွက်၊ နယ်မြေ ၅၊  ဒေသခံပြည်သူ ၂၀ ဦးအား တွေ့ဆုံကာ ကျန်းမာရေးအသိပညာပေးဟောပြောပြီးနောက် နယ်မြေ ၅၊ နယ်မြေ ၆ အတွင်း နေအိမ်များ၌ ပိုးလောက်လန်းနှိမ်နှင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်များ ဆောင်ရွက်ခြင်း၊ ရေကန်၊ ရေစည်များတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်