ကွတ်ခိုင်မြို့ မူလတန်းကြိုကျောင်းတွင် ကလေးများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရမုန့်တိုက်ကျွေး

ကွတ်ခိုင် စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်မိခင်ကလေးကြီးကြပ်‌‌ရေး‌ကော်မတီတို့မှ ကွတ်ခိုင်မှုလတန်းကြို ကျောင်းမှ ကလေးသူငယ်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရမုန့်တိုက်ကျွေးခြင်းတို့ကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဖြူဖြူဟန်နှင့် ကျန်းမာရေးဝန်ထမ်းများက မူကြိုကျောင်းရှိ ကလေးငယ် (၁၁၁) ဦးတို့အား ကိုယ်အလေးချိန်တိုင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်ပြီး သန်ချဆေးတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် ခရိုင်မိခင်ကလေးကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ကလျာနှင့် အဖွဲ့ဝင်တို့မှ ကလေးသူငယ်များ အာဟာရပြည့်ဝပြီး ကျန်းမာသန်စွမ်းလာစေရန်အတွက် အာဟာမုန့်များ တိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)