တကောင်း စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့သည် မြေဆီလွှာကောင်းမွန်၍ စိုက်ပျိုးရေးအောင်မြင် ဖြစ်ထွန်းသည့် ဒေသဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသော်လည်း ယခုအခါ တနိုင်တပိုင်အသားတိုးဝက်မွေးမြူခြင်းဖြင့် မိသားစုဝင်ငွေပိုမိုရရှိကြောင်း သိရသည်။
အသားတိုးဝက်မွေးမြူရာတွင် Duroc Landrace (DL)၊ Duroc Yorkshire (DY)၊ Duroc Yorkshire Landrace(DYL)၊ ဒေသဝက်(ဗမာဝက်)ဟူ၍ အသားတိုးဝက်အမျိုးအစားရှိပြီး အခုကျွန်မတို့မွေးထားတဲ့ ဝက်တွေကတော့ DYL အမျိုးအစားများကို မွေးမြူထားပါတယ် တနေ့လျှင်(၃)ကြိမ် ရေချိုးပေးရပြီးသန့်သန့်ရှင်းရှင်းထားပေးရပါတယ် အစာအနေနဲ့ကတော့ အကောင်ပေါက်လေးတွေကို 950 SGWIN၊ ဆန်ကွဲနဲ့ ဖွဲကို ရောပြီးတစ်နေ့ကို (၃)ကြိမ် အခြောက် ကျွေးပါတယ် စပ်စာ950 SGWIN (၁)အိတ်ကို (၅၈၀၀၀)၊ ဆန်ကွဲ (၁)အိတ်ကို (၅၅၀၀၀)၊ ဖွဲ (၁)အိတ်ကို (၃၀၀၀၀)ကျပ်ပေးရပါတယ် သားစပ်ထားတဲ့ဝက်မများကိုတော့ ဆန်ကွဲကို ကျိုချက်ပြီး ဖွဲနဲ့ရောစပ်ကျွေးရပါတယ် (၁)လခွဲဝက်ပေါက် တစ်ကောင်ကို (၁၆၀၀၀၀) မှ (၁၆၅၀၀၀)ထိ ရောင်းရပါတယ် အသားအတွက်ဆိုရင် အချိန်ပေါ်မူတည်ပြီး ဈေးရရှိပါတယ် စတင်မွေးမြူချိန်က (၆)ကောင်သာမွေးမြူခဲ့ပြီး ဝက်မများကို (၄)လ (၁)ကြိမ် သားစပ်ရကာ ယခု (၃)လခွဲသားရှိတဲ့ ဝက်များကို တစ်ခါရောင်းချလျှင် အကောင်ရေ (၁၅)ကောင်မှ အကောင်(၂၀)ထိ ရောင်းချနိုင်ပြီ ဖြစ်ပါတယ်၊ ဒါကြောင့်ဝက်မွေးမြူခြင်းဟာ နွားမွေးမြူခြင်းနှင့်ကြက်မွေးမြူခြင်းတို့ထက် ပိုမိုတွက် ခြေကိုက်ပါတယ်ဟု ဝက်မွေးမြူးရေးလုပ်ကိုင်နေသူ ဒေါ်ဝင်းမာ၏ ပြောကြားချက်အရ သိရသည်။
သီရိ