လင်းခေး စက်တင်ဘာ ၂၈
လင်းခေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၃နာရီက မြို့နယ် ပြည်ငြိမ်းအေးအားကစား ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လင်းခေးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားစစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြပါသည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများ ဘောလုံးကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်း၊ အခြေခံပညာအထက်တန်းကျောင်း(လင်းခေး)မှ ပန်းပွားအကအဖွဲ့က မောမြေအလှရှုမဝ အကဖြင့်ဖျော်ဖြေခြင်း၊ ရှမ်းတိုင်းရင်းသားအက၊တိုးန ယားနှင့်ကိန္နရီကိန္နရာအကတို့ဖြင့် ဖျော်ဖြေကပြခဲ့ကြသည်။ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊မြို့နယ်အုပ်ချုပ်ရေး မှူးဦးမြို့ဆောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်လွင်တို့က ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့၊ပန်းပွားအက အဖွဲ့၊ဘင်ခရာတီးဝိုင်းအဖွဲ့တို့အား ဂုဏ်ပြဆုငွေများ အသီးသီးချီးမြှင့်ပေး အပ်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
ထို့နောက် ကျောင်းသူကလေးများက ဖွင့်ပွဲပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများအားပန်းစည်းဆက်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ ကွင်းအတွင်းသို့ ဘောလုံးကန်သွင်းပေးခြင်းဖြင့် တောင်ရွာရပ်ကွက်အသင်းနှင့်ပုန်းထွန်ကျေးရွာဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပုန်းထွန်အသင်းက (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)