မြန်အောင် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါအကြောင်း ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းများကို ယနေ့နံနက်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြန်အောင်ခရိုင်ရုံး၌ ပြုလုပ်ခဲ့သည်။
"ခွေးရူးရောဂါတိုက်ဖျက်ရေး၊ တက်ညီလက်ညီကာကွယ်ပေး၊ တစ်ခုတည်းသောကျန်းမာရေး" ALL FOR 1 ONE HEALTH FOR ALL ဆောင်ပုဒ်နှင့်အညီ သက္ကရာဇ်၂၀၃၀ တွင် ခွေးရူးရောဂါ လျော့နည်းပပျောက်သွားစေရန်ရည်ရွယ်၍ ခွေးနှင့်ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှုမရှိစေရန်၊ တိရစ္ဆာန်များမှတဆင့် ရောဂါကူးစက်မှုမရှိစေရန် ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းဖြစ်ကြောင်း မြန်အောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာ အေးသိင်္ဂသင်း ထံမှသိရှိရသည်။
ဝင်းဗိုလ်
မြန်အောင်(ပြန်/ဆက်)