ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မြို့နယ်နေပြည်သူများ အနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်သူစားသုံးနိုင်ရေးအတွက် မြို့မဈေးကြီးအတွင်း စားအုန်းဆီများအား ကုန်စုံဆိုင်များတွင်ရောင်းချပေးလျက်ရှိရာ ထိုသို့ရောင်းချပေးနေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ရောင်းချပေးရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် (၄၈၀ဝ) ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ငါးဆယ်ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး၊ ထိုသို့ရောင်းချပေးနေမှုအား ဆိပ်ကြီးခနောင်တိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ စားအုန်းဆီရောင်းချပေးမှုအစီအစဥ်တွင် နေ့စဉ် ဆီပိဿာ (၅၅၀) အား မြို့နယ်မြို့မဈေးကြီးအတွင်းရှိ သက်ဆိုင်ရာကုန်စုံဆိုင်များတွင် နေ့စဉ်နံနက် ၆ နာရီမှစ၍ ရောင်းချပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဝေယံ (IPRD)