နတ်မောက် အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ဝက်၊ ကြက်၊ နွား၊ ဆိတ်များကို စီးပွားဖြစ် မွေးမြူသည့်အပြင် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်းကြောင့် ဘဲဉများ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း မြို့မကွက်သစ်ရပ်ကွက်နေ ဘဲမွေးမြူသူဉီးကုလားလေးထံမှ သိရသည်။
“ကျွန်တော်ကတော့ ဘဲမွေးမြူသူပါ အရွယ်ရောက်ပြီးသား ဘဲကောင်ပေါက်လေးတွေကို ဝယ်ယူပြီး စတင်မွေးမြူပါတယ်၊ ဘဲကျွေးရန်အစာတွေကတော့ ထမင်းနဲ့ ဖွဲ့နုနယ်ပြီး ကြွေးပါတယ်၊ ခြံလောင်စနစ်နဲ့မွေးမြူပြီး ဘဲတွေကို အလွှတ်ကျောင်းပါတယ်၊ ရေကန်လည်းရှိပါတယ်၊ လသာဘဲမျိုးများဖြစ်သည့်အတွက် ဘဲဉ ဉသည့်ကာလရောက်လာရင်တော့ (၆)လတစ်ကြိမ်ဉပါတယ်၊ ဘဲဉတစ်လုံးကို (၅၀၀)ကျပ်ရောင်းရပါတယ်၊ ဘဲဉစားသုံးသူတွေကတော့ အိမ်အရောက်လာပြီး ဝယ်ပါတယ်၊ ကျွန်တော်ကတော့ ဘဲအကောင် (၃၀)မွေးမြူပြီး ဘဲထီး(၆)ကောင်နဲ့ ဘဲမ(၂၄)ကောင် မွေးထားပါတယ်၊ ဘဲမွေးမြူခြင်းသည် အရင်းအနှီးနည်းသောကြောင့် လူတိုင်းလည်း မွေးမြူသင့်သည့်အတွက် မိသားစုလည်း အပိုဝင်ငွေရရှိ၍ မိသားစုအတွက် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်းကို လုပ်ကိုင်နိုင်ကြောင်း ဘဲမွေးမြူသူ ဉီးကုလားလေးက ပြောသည်။
လှဝင်း