ချောက် အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ချောက်မြို့မစျေး၌သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၉နာရီက ချောက်မြို့မစျေးတွင် ပလပ်စတစ်အိတ်ဖြင့်ထု ပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ကာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင်တွင် ပလတ်စတစ်အိတ်မသုံးစွဲရဟု သတ်မှတ်ထားရှိပြီး ပလတ်စတစ်အိတ်အစား အင်ဖက်၊ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲစေရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို အရှိန်အဟုန် မပျက်အပတ်စဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)