နမ့်ခမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ပထမနှစ်ဝက်တတ်‌မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ စတင်ဖြေဆို

နမ့်ခမ်း အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ပထမနှစ်ဝက်တတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၇၂) ခုရှိသည့်အနက် အခြေခံပညာကျောင်းများ၌ အောက်တိုဘာလ၁၂ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသူ၊ကျောင်း သားများ အေးချမ်းပျော်ရွှင်စွာဖြေဆိုပြီးစီးနိုင်ရေးအတွက် နမ့်ခမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် မြို့နယ်ပညာရေးမှူး‌တာဝန်ခံ ဒေါ်သင်းသွယ်သွယ်ဝင်းတို့၏ ကြီးကြပ်လမ်းညွန်မှုဖြင့် မြို့နယ်တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက ဝိုင်း ဝန်းပူး‌ပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပထမနှစ်စာမေးပွဲကို ကျင်းပလျက်ရှိရာ အခြေခံပညာအထက်တန်းဆင့်ကျောင်းသားကျောင်းသူ(၅၈၅)ဦး၊ အခြေခံပညာအလယ်တန်းဆင့် ကျောင်းသားကျောင်းသူ(၂၄၁၂)ဦး ၊အခြေခံပညာမူလတန်းဆင့် ကျောင်းသားကျောင်းသူ(၉၇၃၉)ဦး စုစုပေါင်း(၁၂၇၃၆)ဦး ဖြေဆိုလျက်ရှိပြီး အောက်တိုဘာလ(၂၀)ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရပါသည်။

နမ့်ခမ်း(ပြန်/ဆက်)