ပုံပါကျင် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့်အတွေးအခေါ်ကောင်းများ ရရှိရန် ရည်ရွယ်၍ ဒေါက်တာခင်စန်းမော်ရေးသားသည့် ဆိတ်မွေးမြူရေးအကြောင်း စာအုပ်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ ဒေါက်တာခင်စန်းမော်ရေးသားသည့် ဆိတ်မွေးမြူရေးအကြောင်း စာအုပ်တွင်ပါဝင်သည့် ကမ္ဘာပေါ်ရှိဆိတ်များအကြောင်း၊ ဆိတ်မွေးမြူရေးခြံ၏ မြေယာထိန်းသိမ်းမှုနှင့် မွေးမြူရေးစနစ်များ ၊ ကွဲပြားခြားနားသေ ာမွေးမြူရေးပုံစံများကို (Book Club) ဥက္ကဌ ဦးထွန်းလင်းမှ ဆွေးနွေးပြောကြားသည်။
အဆိုပါစာအုပ်ဖတ်ကြားဆွေးနွေးမှုအပေါ် Book Club အဖွဲ့၀င် ဦးကျော်ဆန်းက မေးမြန်းဆွေးနွေးရာ (Book Club) ဥက္ကဌ ဦးထွန်းလင်းက တက်ရောက်လာသည့် Book Club, Youth Clubနှင့် ကျောင်းသားကျောင်းသူများအား စိုက်ပျိုးရေး၊ မွေးမြူရေး အဓိက လုပ်ကိုင်သည့်ဒေသဖြစ်သောကြောင့် ယခုလိုဆွေးနွေးမေးမြန်းမှုအား သဘောကျသည့်အပြင် မိမိ၏အမြင်ကို ပြန်လည်သပ်သုံးဆွေးနွေးပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ခေတ်လူငယ်များအတွက် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်၊ စာအုပ်စာပေဝါသနာရှင်များစုစည်း၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းကို ဖွဲ့စည်းကာ စာဖတ်ဝိုင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိအိဖြိုး (ပြန်/ဆက်)