စဉ့်ကူးမြို့တွင် စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

စဉ့်ကူး  အောက်တိုဘာ  

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြည်သူများ သက်သာချောင်ချိရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်မှစ၍ စဉ့်ကူးမြို့ မြို့မဈေးကြီးအတွင်း မြို့ပေါ် ရပ်ကွက်များမှပြည်သူများအား စားသုံးဆီများကို (၁)ပိဿာလျှင် (၄၈၄၈) ကျပ် ဖြင့် ရောင်းချ ပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် အေးမေတ္တာကုမ္ပဏီမှ စားသုံးဆီများအား မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ လက်ဝယ်သို့ အိမ်ထောင်စု (၁)စုလျှင် ဆီ (၁)ပိဿာနှုန်းဖြင့် စုစုပေါင်း ဆီပိဿာချိန် (၁၆၅၀) ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)