ကျောက်ကြီးမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်
Oct 03,2023
ကလေးငယ်များစာဖတ်စွမ်းရည် တိုးတက်မြင့်မားလာစေရေးနှင့် ကျောင်းသား ကျောင်းသူများ စာအုပ်စာပေနှင့်ရင်းနှီးပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရုံးဦးစီးမှူးနှင့် ဌာနဝန်ထမ်းများက ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က စတင်ပြုလုပ်ခဲ့ကြောင်းသိရသည်။