ဒိုက်ဦး ဇူလိုင် ၂၉
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့အတွင်းရှိ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇူလိုင် (၂၇)ရက် နံနက် (၆)နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၅၈၇)ဦးတွင် (၂၅၃)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ဒိုက်ဦးအ.ထ.က(၁)နှင့် အ.ထ.က(၂) စာစစ်ဌာန (၂)ခုတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းများအား ဒိုက်ဦးအ.ထ.က(၁)၊ အ.ထ.က(၂)စာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့၍ ဖြေဆိုသူ (၅၈၇)ဦးတွင် အောင်ချက်ရာခိုင်နှုန်း (၄၃.၁၀)ရာခိုင်နှုန်းဖြင့် စုစုပေါင်း(၂၅၃)ဦး အောင်မြင်ခဲ့ကြောင်း တစ်ဘာသာဂုဏ်ထူးရှင် (၁၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁)ဦးနှင့် ရိုးရိုးအောင် (၂၃၃)ဦးတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)