ဒိုက်ဦး ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၃)အုပ်စုတို့၌ အလှည့်ကျ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒိုက်ဦးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောထွန်းဖြူနှင့် ဝန်ထမ်းများသည် ပြည်သူများနှင့် ကျောင်းသား/ကျောင်းများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် Smart Cardများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလကုန်အထိ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)