သတင်းများ

ဗိုလ်တထောင်မြို့နယ်၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထုတ်ပြန်
Jul 29,2025
၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင်လ ၂၇ ရက်နေ့နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့်ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားလေ့ကျင့်ရေးရုံများ ကြည့်ရှုစစ်ဆေး
Jul 29,2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင် ၂၇ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာပညာဦးစီးဌာန ရုံးဟောင်းသို့ရောက်ရှိပြီး ကြည့်ရှုစစ်‌ဆေးခဲ့သည်။
ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး တာချီလိတ်မြို့ ရေကြီးရေလျှံမှုနှင့် ရေ‌ဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jul 29,2025
ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တာချီလိတ်မြို့ ရေကြီးရေလျှံမှုနှင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။
ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း (၅၀.၉၂)ရာခိုင်နှုန်းရှိ
Jul 29,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ဇူလိုင် (၂၇)ရက် နံနက်ပိုင်းမှစတင်၍တွင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(ထန်းတပင်)၊ အ.ထ.က(ကျူတော)နှင့်အ.ထ.က(လှည်းဆိပ်) တို့တွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ရာ ထန်းတပင်မြို့နယ်အနေဖြင့် အောင်မြင်သည့်ရာခိုင်နှုန်း (၅၀.၉၂) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဘုတ်ပြင်းမြို့၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 29,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို ဇူလိုင်လ ၂၈ ရက်နေ့က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ အမက-၂၂၄ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
‌ဇေယျာသီရိမြို့နယ်၌ တစ်နှစ်သုံးသီး၊ သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေးဆွေးနွေး
Jul 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ တစ်နှစ်သုံးသီး၊ သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ‌ကြို့ပင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
မြို့သစ်မြို့နယ် စိုက်ပျိုးပညာပေးရေးဦးစီးဌာန၌ ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူနည်းပညာပေးသင်တန်းဖွင့်
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှုးကျင်းပသည့် တောင်သူနည်းပညာသင်တန်းကို မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသင်တန်းခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။