သတင်းများ

မိုင်းရယ်မြို့နယ်အတွင်းရှိ မှတ်ပုံတင်ထားသည့် ပါတီဝင်အင်အားစာရင်း မြေပြင်ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Oct 05,2023
မိုင်းရယ်မြို့နယ်တွင် မှတ်ပုံထားသည့် ပါတီသုံးခုမှ ပါတီဝင်အင်အားစာရင်းများ မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်းရှိ/မရှိ တိုက်ဆိုင်စစ်ဆေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဇေယျာသီရိမြိုနယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများလိုက်နာရန်အတွက် ရှောင်တစ်ခင် စစ်ဆေးအရေးယူခြင်းများဆောင်ရွက်
Oct 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများလိုက်နာရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက သစ်တပ်ကျေးရွာအုပ်စု၊ သစ်တပ်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ဆောင်ရွက်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၂)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Oct 05,2023
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ပုဂံမြို့လယ် ထရန်စဖော်မာရှိ 4C 99mm2 များလေဒဏ်မိုးဒဏ်ကြောင့်  အက်ကွဲနေသည့်အတွက် ပြန်လည်ပြုပြင်
Oct 05,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့အတွင်းရှိ ဌာနပိုင်ထရန်စဖော်မာများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့်သန့်ရှင်းသပ်ရပ်စေရေး ပုဂံမြို့ လျှပ်စစ်မန်နေဂျာရုံးမှ အောက်တိုဘာ ၅ ရက်၊ နံနက်ပိုင်းအချိန်မှစတင်ကာ ထရန်စဖော်မာရှိ 4C 99mm2 များလေဒဏ်မိုးဒဏ်ကြောင့်  အက်ကွဲနေသည့်အတွက် ပြန်လည်ပြုပြင်ခြင်းများဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Oct 05,2023
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများကို သွား ရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့် ကွင်းဆင်း ၍ ကွင်းဆင်း ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်ယာယီခိုလှုံရာစခန်းမှ နေရပ်ပြန်တိုက်ပွဲရှောင် အိမ်ထောင်စုများသို့ ဆန်ရိက္ခာဖိုးငွေထောက်ပံ့
Oct 05,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုံယာယီခိုလှုံရာသခန်းမှ နေရပ်ပြန်တိုက်ပွဲရှောင်အိမ်ထောင်စုများသို့ နယ်စပ်ဒေနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်မတွင် ပေးအပ်ခဲ့သည်။
ဘုတလင်မြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၄၃၉၄ ဧက စိုက်ပျိုးပြီးစီး
Oct 05,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၄၃၉၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဖြိုးဝေက ပြောပြ၍ သိရသည်။