သံတောင်ကြီး အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာမောင်မင်းစိုး၏လူငယ်နှင့်အပြောင်းအလဲစာအုပ်အား ယနေ့နံနက် (၁၀) နာရီ အချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်ခူစေး(Book Club)အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင်ခေါင်းစဉ်ငယ်ဖြစ်သည့် တန်ပြန်တက်ရောက်မှုများ၊ လူငယ်နဲ့ပရ ဟိတစိတ်ဓာတ်၊ ပြောင်းလဲခြင်းနိယာမ၊ လူငယ်နဲ့မိတ်ဆုံစားပွဲ၊ ပေးသောလက်၊ မြင့်မြတ်သူတို့၏လမ်းကြောင်း စသည့်အကြောင်းအရာများအား စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီးနော်ကေဇင်ထွန်း(Youth Club) အဖွဲ့ဝင်က ငါ့ကိုချစ်လို့သူပြုပြင်၊ လူငယ်နဲ့ဗိုင်းရပ်၊ လူငယ်နှင့်အပြောင်းအလဲ၊ နွေဦးကာလမြူထသောအခါ၊ ကြိုဆိုခြင်းနှင့်နှုတ်ဆက်ခြင်း စသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club/Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်းသိရသည်။
အဆိုပါစာအုပ်ဖတ်ရှုခြင်းဖြင့် လူငယ်လူရွယ်များပရဟိတစိတ်ဓါတ်ရှိစေရန်၊ လူငယ်များကောင်းမွန်သော လမ်းကြောင်း ကိုရွေးချယ်တတ်စေရန်၊ သူတပါးကို အပြစ်မြင်ခြင်းထက် မိမိအပြစ်ကို အရင်ဆုံးသုံး သပ်နိုင်စေရန် စသည့်အကျိုးကျေးဇူးများရရှိစေကြောင်း သိရသည်။
နော်နော်မူ