လယ်ဝေး အောက်တိုဘာ ၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ Agri One Trading Co.,Ltd မှ ကိုယ်စားလှယ်ဖြစ်သည့် အေလာကျေးရွာအုပ်စုရှိ ဦးအေးထွန်းမှ လယ်ဝေးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား တစ်ပိဿာလျှင် ၄၇၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၅၇၂ စု အားလည်းကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ Agri One Trading Co.,Ltd မှ ကိုယ်စားလှယ်ဖြစ်သည့် နေပြည်တော်၊ လယ်ဝေးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ဒေါ်တင်နု ကုန်စုံဆိုင်မှ ရှမ်းစု၊ ပေတုန်းမျှောင်ကျေးရွာအုပ်စုများရှိ စားသုံးသူပြည်သူများအား ဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၂၀၀ စုအားလည်းကောင်း ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့သည်။
အလားတူ ဆန်ကုန်သည်ကြီးများအသင်းဝင် ဦးသက်နိုင်ဦး(တိုင်းကျော်အောင် ဆန်စက်)မှ လယ်ဝေးမြို့နယ်၊ သပြေပင်အုပ်စု၊ သပြေပင်ကျေးရွာတွင် အိမ်ထောင်စု၂၉၀ စုအား ဆန်တစ်ပြည်လျှင် ၂၅၀ဝိ ကျပ်နှုန်းဖြင့် ဆန် ၁၁၆၀ ပြည်အား ဈေးနှုန်းချိုသာစွာရောင်းချ ပေးခဲ့သည်။
ထိုသို့ ဆန်/ဆီ ဖြန့်ဖြူးရောင်းချရာတွင် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စားသုံးသူ ပြည်သူများလက်ဝယ်သို့ စနစ်တကျ ရောက်ရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်ကြီးကြပ်မှုဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များမှစိစစ်၍ ဆန်/ဆီကိုယ်စားလှယ်များနှင့် ပူးပေါင်းဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)