ချောင်းဆုံ အောက်တိုဘာ ၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး နိုင်ငံတော်အစိုးရမှအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရန်အတွက်ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့တွင် မြို့နယ်(ကျေး/လက်) ဦးစီးဌာနရုံးတွင်ဖွင့်လှစ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဇော်ဇော်နောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်၊ ခရိုင် (ကျေး/လက်) ဌာနတာဝန်ရှိသူများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတို့က ထူးချွန်သင်တန်းသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ရာ သင်တန်းသူများက လက်ခံရယူခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသူ(၂၀)ဦးတက်ရောက်ခဲ့ကြပြီး စာတွေ့လက်တွေ့ဖြင့် သင်တန်းကာလ(၁)လကြာ အခမဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)