ချောင်းဆုံမြို့နယ် ညောင်လမ်းနှင့်ဘိုးနက်ကျေးရွာတွင် ဒေသတွင်းစားသုံးဆီ ဖူလုံရေး နေကြာသီးနှံစိုက်ပျိုးတောင်သူများအား နည်းပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ အောက်တိုဘာ ၅

စားနပ်ရိက္ခာဖူလုံရေးကိုရှေးရှုပြီး ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန် တော်သူများ ဝင်ငွေတိုးတက်ရရှိစေနိုင်သည့် သီနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်စေရန်အတွက် တောင်သူများနေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်း အကျိုးအမြတ်များ ရရှိစေရန်အတွက် ယနေ့နံနက်က ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာနှင့် ဘိုးနက်ကျေးရွာတို့တွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းဖြင့် တောင်သူများအတွက် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိစေနိုင်ကြောင်း နေကြာသည် စိုက်ပျိုးရန်အထူးသင့်လျော်သည့် ဆီထွက်သီးနှံဖြစ်ကြောင်းနှင့် စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ပိုးမွှားရောဂါကာကွယ်နည်းနှင့် ဆောင်ရွက်ရမည့်နည်းလမ်းများအား စိုက်ပျိုးရေးဦးစီးဌာနရှိ သီနှံတာဝန်ခံ ဒု-ဦးစီးဒေါ်ချောစုလှိုင်နှင့် ပိုးမွှားရောဂါကာကွယ်ရေးတာဝန်ခံ ဒု-ဦးစီး ဒေါ်အေးသန္တာချိုတို့က နည်းပညာပေးဆွေးနွေးခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ဆီထွက်သီးနှံနေကြာ စိုက်ဧကကို ယခုလာမည့်ဆောင်သီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးရန် ဧက (၃၁၇၀) လျာထားကြောင်းနှင့် လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ရေး၊ တောင်သူများနှင့်ပူးပေါင်းဆွေးနွေးပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ (ပြန်/ဆက်)