ကျိုင်းလပ် အောက်တိုဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့၊ နမ့်ငေါ့ကျေးရွာ အအခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမြင့်က “စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေးအကြောင်းတို့ကို” အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများအား မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ဓာတ်ပုံပြပွဲ နှင့် မူးဆေးဝါးအန္တရာယ် အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးစသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြပြီး ရုပ်ပြစာအုပ်များကို ငှားရမ်းဖတ်ရှု့ခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်