ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကျင်းပ

ရမည်းသင်း    အောက်တိုဘာ  ၅

မန္တလေးတိုင်းဒေကြီး၊ ရမည်းသင်းမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ရမည်းသင်းမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော၂၀၂၃ခုနှစ်၊ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သဝဏ်လွှာကို ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်ပညာရေးကော်မတီ ဉက္ကဋ္ဌ ဦးမြင့်ထွန်းက ဖတ်ကြားပြီး တာဝန်ခံမြို့နယ်ပညာရေး ဦးအောင်အောင်ဦးမှ ကုလသမဂ္ဂအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှပေးပို့သော သဝဏ်လွှာကိုဖတ်ကြားရှင်းလင်းသည်။

ဆက်လက်၍ မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ကျင်းပရာတာဝန်ခံမြို့နယ်ပညာရေးမှူးက အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများကို ပူဇော်ကတော့ရခြင်းကို ရှင်းလင်းပြောကြားပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးမြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ဦးမောင်ရွှေသိန်း၊ ခရိုင်ပညာရေးမှူးဒေါ်ခင်မာမာအေး၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများမှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး(၂၁၄)ဦးအားတစ်ဦးလျှင်ကျပ်လေးသောင်းကို လက်ရောက်ပူဇော်ကတော့ ခဲ့ကြပြီးကန်တော့ခံ၊ ဆရာကြီးများအား တက်ရောက်သည့်တပည့်များက ကန်တော့ချိုဖြင့် ကန်တော့ကြကာ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာကြီး ဦးတင်ဝင်း ကဩဝါဒစကားပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်