မက်မန်းမြို့နယ်တွင် တိရစ္ဆာန်အစာ နေဗီယာမြက်မျိုးစိတ်များ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းလျက်ရှိ

မက်မန်း အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် တိရစ္ဆာန်များ အောင်မြင်စွာမွေးမြူနိုင်ရေး၊ တိရစ္ဆာန်အစာများလုံလောက်စွာ ရရှိနိုင်ရေးအတွက် တိရစ္ဆာန်အစာ နေဗီယာမြက်မျိုးစိတ်များကို မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် စမ်းသပ်စိုက်မျိုးခဲ့ရာ ယခုအခါတွင် အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ တိရစ္ဆာန်အစာ နေဗီယာမြက်အား အိမ်မွေးတိရစ္ဆာန် နွားများ၊ ကျွဲများ၊ ဝက်များ အစာ ကျွေးရာတွင် ကျွေးမွေးခြင်းဖြင့် တိရစ္ဆာန်များအနေဖြင့် ကြီးထွားနှုန်းမြန်ဆန်ခြင်း၊ အသားထွက်နှုန်းတိုးခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်းတို့ကြောင့် တိရစ္တာန်အစာ နေဗီယာမြက်များကို စိုက်ပျိုး၍ ဒေသအတွင်းရှိ တိရစ္ဆာန်မွေးမြူထားရှိသူများအား ပညာပေးခြင်း၊ မြက်မျိုးများဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာမှ ဒေါက်တာမောင်ဝင်းထံမှ သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)