မိုးမောက်မြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပ

မိုးမောက် အောက်တိုဘာ ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲကို အထက(ကြံခင်း)မှ ကျောင်းသား၊ ကျောင်းသူများက "မြတ်ဆရာ" သီချင်းဖြင့် သီဆို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ ဦးဇင်မောင်မောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးမဟာသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာ များနေ့အတွက် ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထို့နောက် မိုးမောက်မြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဘောမ်ချန်းက (မစ်(စ်)အိုဒရေ ဘာဇူလေ၊ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်) (မစ်(စ်)တာ ရီးဘဲအက်ဖ် ဟောန်ဘို၊ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း ညွှန်ကြားရေးမှူးချုပ်) (မစ်(စ်)တာ ဒါဘီ အက်ဒ်ဝက်ပ်၊ အထွေထွေ အတွင်းရေးမှူးချုပ်၊ နိုင်ငံတကာပညာရေးဆိုင်ရာ ကမ္ဘာ့ဆရာများနေ့)တို့မှ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အခမ်းအနားအတွက် ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ခြင်း အသက် ၇၀ နှစ်နှင့် အထက် ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ခဲ့ကြရာ ဆရာ၊ ဆရာမကြီးများက ဩဝါဒဆုတောင်း စကားများပြောကြားခြင်း၊ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်