ဖောင်းပြင် အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီအချိန် က အမက(၂)မူလွန်ကျောင်း၌ ပြန်/ဆက်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာမကြီး ဒေါ်တူးမာက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇော်လင်းအောင်က လူငယ်နှင့် ပညာရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ပြောကြားကာ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများကို ပြောကြားသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ ကိုလည်းကောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဆိုင်ရာ အသိပညာပေး စာစောင်နှင့် ရာသီတုပ်ကွေးမဖြစ်ပေါ်စေရေးဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း နံရံကပ် စာစောင်ပြုလုပ်ပြသပေးကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)