လားရှိုး အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများအတွက် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက လားရှိုးမြို့ ရေပန်းလမ်းဆုံအနီးရှိ ရွှေနဂါးဆီဆိုင်နှင့် မြို့မဈေးကြီးအတွင်းရှိ ကိုထွန်းထွန်းဝင်း ကုန်စုံဆိုင်တို့တွင် ရောင်းချပေးနေခြင်းဖြစ်သည်။
ဆီ ၅၀ ကျပ်သား တစ်ဘူးလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးလျှင် ဆီ ၂ ဘူးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်သည်။
“ဆီတစ်ဘူးကို ၂၅၀၀ ကျပ်နဲ့ရောင်းပေးတော့ ဝယ်တဲ့သူတွေ ကျိတ်ကျိတ်တိုးပဲ။ အပြင်မှာက ဆီတစ်ဘူးကို ၄၅၀၀ ကျပ်လောက်ရှိတယ်လေ။ ဒီမြို့မှာတော့ စားသုံးဆီတွေ ဒီဈေးနဲ့ရောင်းပေးတဲ့ဆိုင် ၉ ဆိုင်ရှိတယ်လို့ သိရတယ်။” ဟု ပြည်သူတစ်ဦးကဆိုသည်။
ထိုသို့ရောင်းချပေးနေမှုအား လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေဠုသတိုးနှင့် တာဝန်ရှိသူများက သွားရောက်အားပေးခဲ့ကြကြောင်း၊ စားသုံးဆီများကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဦးကိုကိုမျိုး ဈေးဆိုင်၊ ဦးထွန်းထွန်းဝင်းကုန်စုံဆိုင်၊ စိုးမိုးကုန်စုံဆိုင်၊ ၁၁ ရက်နေ့တွင် ဒေါ်နွေးလေးကုန်စုံဆိုင်၊ အောင်ဆီစက်၊ ဒေါ်တင်စိန်ကုန်စုံဆိုင်၊ ၁၂ ရက်နေ့တွင် နဂါးမင်းစတိုး၊ ဦးကံယျကုန်စုံဆိုင်၊ ဒေါ်စုကုန်စုံဆိုင်တို့တွင် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)