ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်နေမှုနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက

မြစ်ကြီးနား ဒီဇင်ဘာ ၂၉

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြည်နယ်ပညာရေးမှူးရုံးက ဦးစီးကျင်းပသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ ပြည်နယ်အဆင့် အထက် တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ထိုသို့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကျောင်းသား/ ကျောင်းသူဦးရေ (၁၇၅)ဦးတို့ဖြင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်ပညာရေးမှူးရုံး စိန်ရတနာ ခန်းမ၌ အင်ဂျန်းယန်မြို့နယ်အတွင်းသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံဝန်ထမ်းများဖြစ်သော်လည်း အနန္တောအနန္တ ဂိုဏ်းဝင် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ တပည့်သားများ၏ ပညာရေးကို ရှေးရှု၍ ခက်ခဲသည် ဖြစ်စေ၊ တာဝန်ကျရာဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ပညာသင်ကြားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက် နိုင်ရေး ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း အားပေးပြောကြားသည်။

ထို့နောက် အင်ဂျန်းယန်မြို့နယ်အတွင်း သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ (၁၃)ဦးတို့က မိတ်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ခရီးစရိတ်ထောက်ပံ့ငွေအဖြစ် ငွေကျပ် (၁၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနှင့် ကချင်ပြည်နယ်နေ့ အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲများနှင့် အလားတူ လွတ်လပ်ရေးနေ့ပြီးနောက် ဇန်နဝါရီ (၁၀)နေ့တွင် ကျရောက်မည့် ကချင်ပြည်နယ်နေ့ အခမ်းအနားများကို အောင်မြင်စွာကျင်းပနိုင်ရေး စနစ်တကျ စီမံ၍ အောင်မြင်ခမ်းနားစွာ ကျင်းပ ပြုလုပ်သွားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများအနေဖြင့် မိမိ တို့၏ လုပ်ငန်းတာဝန်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးရာဇာထွန်းက လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ဂုဏ်ပြုတပ်ဖွဲ့ဝင်များနှင့် စီစဉ်ဆောင်ရွက်ထားရှိမှုများကို  ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများနှင့် ကချင်ပြည်နယ်နေ့ အခမ်းအနားများအတွက် ဆပ်ကော်မတီအလိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဘဏ္ဍာငွေ တင်ပြတောင်းခံထားရှိမှုများနှင့် ကချင်ပြည်နယ်နေ့ အတွက် မနောကွင်းငယ်တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ ရိုးရာမနောအက ထည့်သွင်းကျင်းပ သွားမည့် အစီအစဉ်များ၊ ဌာနဆိုင်ရာပြခန်းများ ဖွင့်လှစ်ပြသသွားမည့် အစီအစဉ်များ၊ မီနီမာရသွန် အပါအဝင် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အသီးသီးဆွေးနွေး တင်ပြမှုများအပေါ် တက်ရောက်လာသူများက သုံးသပ်ဖြည့်စွက် ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က အခမ်းအနားများ အောင်မြင်ခမ်းနားစွာ ကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များကို ဆပ်ကော်မတီအလိုက် ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်