ကော့သောင်းမြို့၌ အငြိမ်းစား ဝန်ထမ်းပင်စင်စားများအား ဆန်နှင့်ဆီများဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးပြီး အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေး

ကော့သောင်း ဒီဇင်ဘာ  ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း‌ခရိုင်၊‌ ကော့သောင်းမြိုနယ်  မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းပင်စင်စားများအားစားဝတ်နေရေး အဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ဆန်နှင့်ဆီများရောင်းချပေးလျက်ရှိ ပြီးဘဏ်အတွင်းတွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

အငြိမ်းစားဝန်ထမ်းပင်စင်စားများအား စားဝတ်နေရေးအဆင်ပြေစေရေး ရည်ရွယ်၍ ဆန်တစ်ပြည် (၃၀၀၀) ကျပ်၊ ဆီတစ်ပိဿာ (၅၅၀၀)ကျပ်နှုန်းဖြင့် အငြိမ်းစားဝန်ထမ်းပင်စင်စားများအား ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့်ဆန်ကုန်သည်များ၊ ဆီကုန်သည်များအသင်းများမှ တာဝန်ရှိသူများ ကရောင်းချပေးခဲ့ကြသည်။

အဆိုပါ သက်သာ‌သောဈေးနှုန်းဖြင့် ဆန်၊ဆီရောင်းချနေမှုများနှင့်ကျန်းမာရေးစစ်ဆေး ဆောင်ရွက်နေမှုအား ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌အောင်ချို နှင့်တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြ‌ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)