တပ်ကုန်းမြို့၌ အငြိမ်းစားဝန်ထမ်းများအား ဆီးချို၊ သွေးတိုး၊ သွားနှင့်ခံတွင်းရောဂါများ (အခမဲ့) စစ်ဆေးပေးခြင်းနှင့် ဆန်၊ ဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

တပ်ကုန်း ဒီဇင်ဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာ လာရောက်ထုတ်ယူသည့် အငြိမ်းစား ဝန်ထမ်းများအား ဆီးချို၊ သွေးတိုး၊ သွားနှင့်ခံတွင်းရောဂါများ (အခမဲ့) စစ်ဆေးပေးခြင်းနှင့် ဆန်၊ ဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဥတ္တရခရိုင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး  ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ခုတင် (၁၀၀) ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်တို့က  ကြီးကြပ်ပြီး၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက် ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီးနောက်  တပ်ကုန်းခုတင် (၁၀၀) ပြည်သူ့ဆေးရုံမှ ဒေါက်တာ သူရိန်ကျော် (အထူးကုသမားတော်)၊ ဒေါက်တာနိုင်အေးခက်(သွားဆရာဝန်)နှင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်း (၁၉၅) ဦးအား ကျန်းမာရေး စစ်ဆေးပေးပြီး၊ ဆီးချိုလူနာ (၈) ဦး၊ သွေးတိုးလူနာ (၂၉) ဦး၊ သွားနှင့်ခံတွင်းလူနာ (၆) ဦးနှင့် အခြားလူနာ (၂၁) ဦး၊ စုစုပေါင်းလူနာ (၆၄) ဦးတို့အား (အခမဲ့) ဆေးဝါးကုသမှု ဆောင်ရွက်ပေးခဲ့ပြီးနောက် ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းစာအုပ်များ ထုတ်ပေးခဲ့သည်။

ထို့နောက် ဆန်ကုန်သည်များအသင်းမှ  အငြိမ်းစားဝန်ထမ်း  (၂၁၀) ဦးအား ဆန်လေးပြည်အိတ် တစ်အိတ်လျှင် (၁၂၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းဆန်အိတ် (၂၁၀) အိတ်ရောင်းချပေးခြင်း၊ ဆီလုပ်ငန်းရှင်များအသင်းမှ အငြိမ်းစားဝန်ထမ်း (၃၀၀) ဦးအား ဆီတစ်ပိဿာလျှင် (၅၃၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းဆီပိဿာ (၃၀၀) ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်