လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၂)ရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လစာငွေများကို လစဥ်ပုံမှန်ထုတ်ပေးလျက်ပြီး ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ယမန်နေ့ နံနက်ပိုင်းက အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် ဝါးလား(Wah lar) ခေါက်ဆွဲခြောက်ထုပ်များကို တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဝါးလား(Wah Lar) ခေါက်ဆွဲထုတ်များတစ်ဦးလျှင် (၁၅)ထုတ်နှုန်းဖြင့် ခေါက်ဆွဲဖာ (၅၀)ကို ပင်စင်၀န်ထမ်း (၁၁၀)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့် အဖွဲ့၀င်များနှင့် ဘဏ်မန်နေဂျာ ဦးစန်းမောင်တို့က ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)