လပွတ္တာ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ အားကစားနှင့် ကျန်းမာရေးအသိပညာတိုးပွားစေရန် ရည်ရွယ်၍ လပွတ္တာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှေ့၌ ပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းနွဲ့မှ အားကစားနှင့်လူငယ်၊ အားကစားနှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွန်ကြာရေးမှူး ဦးတင်မောင်ဦးက စာပေဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစရှိသည့် အသိပညာပေး ဆွေးနွေးရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လပွတ္တာ ခရိုင် ပြန်/ဆက်