ဗိုလ်တထောင် ဒီဇင်ဘာ ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီက ဗိုလ်တထောင်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အထက်တန်းပြဆရာမ ဒေါ်တင်မာလင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေး၏ တန်ဖိုးနှင့်ရရှိပြီးသော လွတ်လပ်ရေးကို လူငယ်များတန်ဖိုးထား ထိန်းသိမ်းကြရန်နှင့် မြန်မာနိုင်ငံသမိုင်းဝင် နေ့ထူးနေ့မြတ်များအား အမြဲအမှတ်ရ တန်ဖိုးထားတတ်စေရန် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ဟောပြောခဲ့သည်။
ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဖြစ်စဉ် မှတ်တမ်းဓာတ်ပုံများနှင့် အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းခြင်းဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား ပြသပေးခဲ့ပြီး ၎င်းပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှူ့ခဲ့ကြကြောင်း သိရှိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်ဝင်း