အောင်လံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ အပတ်စဉ်ကြာသပတေးနေ့တိုင်း ရောင်းချပေး

အောင်လံ ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက မြိုနယ်စည်ပင်သာယာရေးအဖွဲ့ ရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အောင်လံမြို့နယ် ဆီကုန်သည်များအသင်းတို့က မြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်တစ်ပြည်(၂၅၀၀)နှုန်းဖြင့် အိတ်(၂၀)၊ စားသုံးဆီတစ်ပိဿာ(၅၄၀၀)နှုန်းဖြင့် (၃၅၀)ပိဿာ၊ ကြက်ဥဆယ်လုံး(၂၀၀၀)နှုန်းဖြင့် (၆၀၀)လုံး၊ ကြက်သားတစ်ပိဿာ (၁၁၀၀၀)နှုန်းဖြင့် (၂၀)ပိဿာ၊ ဝက်သား တစ်ပိဿာ(၁၂၀၀၀)နှုန်းဖြင့် (၁၄)ပိဿာ၊ ဆိတ်သားတစ်ပိဿာ (၁၆၀၀၀) ကျပ်နှုန်းဖြင့်(၄)ပိဿာ စသည့်အခြေခံ စားကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ်ကြာသပတေးနေ့တိုင်း စဉ်ဆက်မပျက် ရောင်းချပေးခဲ့ရာ ယနေ့စုစုပေါင်း ရောင်းချတန်ဖိုးငွေကျပ်(၃၆၆၂၀၀၀/-) (ကျပ်သုံးဆယ့်ခြောက်သိန်းခြောက်သောင်းနှစ်ထောင်တိတိ) ဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)