ကာလိ ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ကျောင်းသား၊ ကျောင်းသူများအား Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က အခြေခံပညာမူလတန်း(လွိုင်ချို)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်မားရေးအတွက် စာကြည့်တိုက်ကိုလာရောက်ရန် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူ စာဖတ်ပရိသတ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားတက်စေရန်ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို သုတ၊ ရသစာအုပ်စာစောင်များ ဖတ်ရှု့စေပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များကိုအခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)