ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးကျန်းမာရေးဆိုင်ရာ လက်တွေ့ဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့်အခက်အခဲများအား ရှာဖွေဖော်ထုတ်လေ့လာသည့်စစ်တမ်းကောက်ယူ

ပေါက်ခေါင်း    ဒီဇင်ဘာ     ၂၈

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များအကြား၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးကျန်းမာရေးဆိုင်ရာအသိပညာ၊ ခံယူချက်၊ လက်တွေ့ဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့်အခက်အခဲများအား ရှာဖွေဖော်ထုတ်လေ့လာစစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက် ၁၀ နာရီကစတင်၍ ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌနှင့်အသင်းဝင်များက Mobile Phone ဖြင့် စစ်တမ်းကောက်ယူခဲ့သည်။

ထိုသို့စစ်တမ်းကောက်ယူရာတွင် ပေါက်ခေါင်းမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌဒေါ်အိအိဖြိုးဦးဆောင်၍ အသင်းဝင် ၁၆ ဦးက စစ်တမ်းမေးခွန်းလွှာရှိ ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးနှင့်ပက်သက်သည့် အသိပညာဗဟုသုတမေးခွန်းများပါဝင်သည့် မေးခွန်းပေါင်း ၁၀၀ ကိုအသင်းဝင်များကဖြေဆိုခဲ့ရာ ကျန်းမာရေးဝန်ထမ်းဆရာမများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)