သံဖြူဇရပ် ဒီဇင်ဘာ ၂၇
ပွင့်လင်းရာသီရောက်ရှိနေပြီးဖြစ်သည့်အတွက် မီးဘေးအန္တာရယ် ဖြစ်ပွားမှုမရှိစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ဝဲကလီကျေးရွာရှိ Dammer Ping သစ်ပါးလွှာစက်ရုံ၌ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနံနက် (၉)နာရီမှစတင်၍ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှုး ဦးအောင်ကျော်ထွေး ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ ၊မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ ပါဝင်သည့် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဝဲကလီကျေးရွာရှိ Dammer Ping သစ်ပါးလွှာစက်ရုံသို့ သွားရောက်ပြီး Hydrant ငုတ်များကောင်းမကောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြည့်စုံမှုရှိ/မရှိ၊ ရေထွက်နှုန်းကောင်းမကောင်း၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဘူး Pressure ရှိ/မရှိ ဘွိုင်လာအသုံးပြုပုံ စစ်ဆေးခြင်း၊ မီးသတ်ရေကန် ရှိ/မရှိ စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေး အကြံပြု ပြောကြားခဲ့သည်။
သံဖြူဇရပ်နယ်မီးသတ်ဦးစီးဌာနအနေဖြင့်အများပြည်သူများအေးချမ်းစွာနေထိုင်စေရေးအတွက် မီးဘေးလုံခြုံရေးများကို အထူးဂရုပြုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)