ကျိုင်းလပ်မြို့၌ ဆောင်းသီနှံ ကြက်သွန်နီ၊ ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်း

ကျိုင်းလပ် ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ဝမ်ကျင်းရပ်ကွက်အနီးရှိ စိုက်ခင်းများတွင် ဆောင်းသီးနှံအဖြစ် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများ စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဝမ်ကျင်းရပ်ကွက်မှ ကြက်သွန်စိုက်တောင်သူ ဒေါ်နန်းအေးလှထံမှ သိရသည်။

ဆောင်းသီနှံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စိုက်ပျိုးရာတွင် မြေပျော့ပျောင်းအောင် ရေသွင်းထားရပြီး မြေပျော့ပျောင်းလာပါက ကြက်သွန်များအား စတင်စိုက်ပျိုးကြပြီးလျှင် ရေအစိုဓာတ်ထိန်းထားနိုင်ရန် ကောက်ရိုးများ ဖုံးအုပ်ထားရကြောင်း၊ စိုက်ပြီး မြေအစိုဓာတ်ပေါ်မူတည်၍ (၂)ပတ်လျှင် (၁)ကြိမ်ခန့် ရေသွင်းရကြောင်း၊ အပင်အားတိုးဆေးများကိုလည်း ရက်အလိုက်အသုံးပြုရကြောင်းနှင့် စိုက်ပျိုးထားသော ကြက်သွန်များလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြက်သွန်နီ၊ ကြက်သွန်ဖြူများသည် စိုက်ပျိုးသည့်ရက်ပေါင်း (၁၂၀)ခန့် ကြာသည့်အခါ ကြက်သွန်ပင်စည်နှင့်အရွက်များ ဝါလာလျှင် လက်ဖြင့် ဆွဲနုတ်သိမ်းယူနိုင်ကြောင်း ထွက်ရှိလာသော ကြက်သွန်များကို ကျိုင်းလပ်မြို့အတွင်း ရပ်ကွက်၊ ကျေးရွာများသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်